ဈေးကွက်ဈေးနှုန်း

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်နှင့်နတ်တလင်းခရိုင်တို့တွင်ဖြစ်ပေါ်နေသောဆန်စပါး ဈေးနှုန်း

Last Updated:

            ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်နှင့်နတ်တလင်းခရိုင်  တို့၌ လက်ရှိကာလတွင် နွေစပါး  (ရတနာတိုး)စပါးများ

ရိတ်သိမ်းပြီး နွေစပါးလက်ကျန် မရှိသလောက်  နည်းပါးနေသော်လည်း   မိုး(အင်းလယ်စပါး)ဈေးမှာ    စပါးတစ်တင်း

(၄၆)ပေါင် ၊စပါးတင်း(၁၀၀)လျှင် (၉၀၀၀၀၀-ကျပ်) ပေါက်ဈေးဖြစ်ကာ ဆန်သား၈၀%ပါဝင်သောဆန်(၁၁၀.၂၅)ပေါင်

တစ်အိတ်လျှင် (၃၁၅၀၀)ကျပ်၊ဆန်ကွဲကြီး(၁၁၀.၂၅)ပေါင် တစ်အိတ်လျှင်(၃၀၀၀၀)ကျပ်၊   ဖွဲနုသန့်(၁)ပေါင် ၂၄၃ကျပ်

ဈေး ဖြစ်ပြီး၊နတ်တလင်းခရိုင်ထွက် တောင်ပျံမွှေး စပါး၊စပါးတစ်တင်း(၄၆)ပေါင်    တင်း(၁၀၀)လျှင်(၁၄၀၀၀၀၀)ကျပ်

ဈေး  ဖြစ်ပြီး၊ တောင်ပျံမွှေး အလတ်စ (၁၀၈)ပေါင်  ဆန်တစ်အိတ်လျှင်   (၅၆၀၀၀)ကျပ် ပေါက်ဈေးဖြင့်      အရောင်း

အဝယ် ဖြစ်လျှက်ရှိကြောင်း ဆန်စပါးရောင်းဝယ်သော ကုန်သည်များထံမှသိရှိ ရပါသည်။